Thursday, September 18, 2014

Samsung ၊ Iphone ၊ Sony ၊ HTC ဖုန်း ကို အစစ် လား အတုလား စစ်ဆေး နည်း ...

မကြာ​သေးခင်​က သူငယ်​ချင်းတစ်​​ယောက်​ ကျွန်​​တော့်​ကို ​Sေamsung Galaxy S5 ကိုအတုနဲ့အစစ်​ဘယ်​လိုခွဲမလဲလို့​မေးလာပါတယ်​ ... ကျွန်​​တော်​လဲ တိကျတဲ့အ​ဖြေပြန်​မ​ပေးနိုင်​ခဲ့ပါဘူး .. အဲဒါ​ကြောင့်​ ဒီပိုစ့်​ကို ကျွန်​​တော်​တင်​​ပေးလိုက်​ပါတယ်​ .. မသိ​သေးတဲ့ သူများအတွက်​ပါ .. ဆရာ​တွေအတွက်​ ဟုတ်​ဘူး​နော်​ ..
မူရင်း​ရေးသားသူက ...

" Mobile House "
ဖုန်း ပြုပြင် ရေး နှင့် အရောင်းဆိုင်
ဖုန်းပြုပြင် ရေးနည်းပညာ သင်တန်း
လမ်း၃၀ ၊ ၇၃-၇၄လမ်းကြား ၊,ဆေးကျောင်းရှေ့ ၊မန္တလေးမြို့ ။
Admin = ရဲရင့်အောင်    ဖြစ်​ပါတယ်​ ...
ခု နောက် ပိုင်း Samsung ၊ Iphone ၊ Sony ၊ HTC တဲ့ နာမည် ကြီး Brand တွေ ကို ပုံစံ တူ ခိုးပြီး ရောင်း တာ တွေ များလာ ပါတယ် ။
အဲ့ အတွက် ပုံမှန် ဆိုင် တွေ က တော့ အတု(clone ) ဟု ပြော ရောင်း သလို ရော ချ တဲ့ ဆိုင် တွေ လဲ ရှိ ပါတယ် ။အဲ့ အတွက် စစ်ဆေး နည်း ကို ဗဟု သု တအနေ နဲ့ ပြော ပြ ချင်ပါတယ် ။
ဖတ်ပြီး ရင် တခြား သူငယ်ချင်း တွေ လဲ သိရအောင် Share ပေး ကြပါ ။

အရင် တုန်း က ပုံစံ တူ တွေ ထုတ် ပေ မယ့် Java ဖြစ် တဲ့ အတွက် ခွဲ ခြား ရလွယ် သလို ပုံစုံ မှာ လဲ ကွာခြား မူ ရှိ ပါတယ် ။ ခု နောက် ပိုင်း တွင် Clone Android တွေ ထွက် လာတော့ Brand က လဲ Android ဆို တော့ အတွင်း ပိုင်း ကို ခွဲ ခြား မရ အောင်တူ လာပါတယ် ။အပြင် ပိုင်း အရလဲ တော်တော် လေး တူလာပါတယ် ။ ပုံ မှန် ဖုန်း Service သမား အနေ နဲ့ သိ နိုင်သော် လဲ အပြင် လူ အနေ နဲ့ သို့ လော သို့ လော ဖြစ် စေ ပါတယ်။
အဓိက ကတော့ နိုင်ငံ ခြား မှာ ရောက်နေ တဲ့ မြန်မာ တွေ အတွက်ပါ ။အဲ့ မှာ ဆိုင် တွေ က ဘယ် နှစ် နှစ် အာမခံ ၊ ဗီယက် နမ် ထုတ် အစစ် စ သဖြင့် လိမ် ရောင်း တာ ကို လက်တွေ့ ခံ ရတဲ့ သူတွေ ကို လဲ တွေ့ ဖူးပါတယ် ။

ခုစစ်ဆေး နည်း ၃ နည်းပြော ပြ ပါမယ် ..

၁။ အမြင် အား ဖြင့် ဆုံး ဖြတ်ခြင်း
ကျန်တာ တွေ ဘယ်လောက်တူတူ ရုပ်ထွက် က တော့ အရောင် က ပုံမှန် ထက် လျော့ ပါတယ် ။

၂။ ကုဒ် နံပတ် များ သုံး စစ်ဆေး ခြင်း
Samsung တွင်သာ
*#1234#
*#0*#
*#1111#

၃။ IMEI ဖြင့် စစ် ဆေးခြင်း ( All Brand )
*#06# ကို နိုပ်ပြီး ဖြစ် စေ ၊ နောက်ဖက် ကျော ဘက် ဓာတ်ခဲ ဖယ်လိုက် ရင် လဲ ကပ် ထား တဲ့ စာထဲ မှာ IMEI ရှိပါတယ် ။
15 လုံးရှိပါတယ် ။အဲ့ နံပတ် ကို မှတ် ပြီး
Android ဖုန်း မှာ စစ်ဆေး နိုင်ရန် IMEI check by MH Application ကို အသုံးပြု ပြီး ဖြစ်စေ
အောက်က လင့် တွင် ကွန်ပြူတာနှင့် ဖြစ် စေ စစ်ဆေး နိုင်ပါတယ် ။
Enter IMEI number below အောက် က အကွက် ထဲ တွင် မိမိ ဖုန်း ရဲ့ IMEI နံပတ် ကို ရိုက် ထည့် ပြီး analyse ကို နိုပ် လိုက်ပါ ။

IMEI check by MH For Android >> ဒီဟာကိုနှိပ်​ပြီး​ဒေါင်းပါ ..


 Link For PC.  >> ဒီဟာကိုနှီပ်​ပြီး​ဒေါင်းပါ ...


ဒေါင်းလုပ်​အဆင်​မ​ပြေပါက comment box မှာ​ရေးခဲ့ပါ ..
လာ​ရောက်​ကြည့်​ရှုသူအားလုံးကို အထူး​ကျေးဇူးတင်​ပါတယ်​ ...



No comments:

Post a Comment