[Android Authority website မှာ 24.9.2014 မှာဖေါ်ပြထားတဲ့ BOGDAN PETROVAN ရဲ့ ( Note 3 survives the test that bent the iPhone 6 Plus ) post ကို ဘာသာပြန်ထားပါတယ်။ ]
Apple ဟာသူ့ရဲ့ မျက်နှာပြင်ကျယ် စမတ်ဖုန်းတည်ဆောက်မှု ပထမဆုံးခြေလှမ်းမှာပဲ သင်ခန်းစာတစ်ခုရရှိခဲ့ပါပြီ .. မျက်နှာပြင် အရွယ်အစားတူ အခြား android ဖုန်းတွေထက် အရွယ်အစား သိသိသာကြီးမား တဲ့အကြောင်း ပြောမှာမဟုတ်ပါဘူး .. လွန်ခဲ့တဲ့ တစ်ပါတ်လောက်တုန်းက Apple ရဲ့ထုတ်ကုန်သစ် iPhone 6plus ရဲ့ သိသာထင်းရှားတဲ့အကြောင်းပြချက်မရှိပဲ ကွေးညွတ်သွားတဲ့ သတင်းတွေ ရှေ့ဆုံးစာမျက်နှာတွေအပေါ် ရောက်လာပါတယ် .. အသုံးပြုသူ အချို့က iPhone 6plus ကို သူတို့ရဲ့ အိတ်ကပ်ထဲမှာထည့်ပြီး လမ်းလျောက်ခြင်း ယာဉ်မောင်းခြင်းများပြုလုပ်တဲ့အခါ ကွေးညွတ်သွားတယ်လို့ အခိုင်အမာပြောဆိုခဲ့ကြပါတယ် .. လူမှုကွန်ယက်တွေမှာလဲ ဒီကိစ္စအတွက်ေ၇းသားဖေါ်ပြမှုတွေ အများအပြားရှိလာပါတယ် .. Unbox Therapy ( www.unboxtherapy.com ) အဖွဲ့မှ Lewis Hilsenteger က iPhone 6plus ရဲ့ ကွေးလွယ်ညွတ်လွယ်ရှိတဲ့အကြောင်းကို လက်တွေ့စမ်းသပ်ပြခဲ့ပါတယ် .. ရလာဒ်ကတော့ အောက်က ဗီဒီယို အတိုင်းပါပဲ ..
ဒါကို သိပ္ပံနည်းကျစမ်းသပ်မှု့လို့မဆိုလိုပါဘူး .. Apple ဟာ ပြသနာတစ်ခုကို လက်ဝယ်ရရှိထားပါပြီ .. Lewis Hilsenteger ဟာ သနားစရာ ဒီပစ္စည်းအပေါ်မှာ အားပြင်းပြင်း အသုံးချပြီး အလွယ်တကူ ကွေးညွတ်စေခဲ့ပါပြီ .. နေ့စဉ်နေ့တိုင်း ခန္တာကိုယ်နဲ့ ထိုင်ခုံကြား ညှပ်ထိုင်မိရင်းနဲ့ပဲ သင့်ရဲ့ တန်ဖိုးကြီးလှတဲ့ ပစ္စည်းကို ထိခိုက်စေနိုင်ပါပြီ ..
ဒီလိုကွေးညွတ်မှုမျိုး မျက်နှာပြင်ကျယ် ဖုန်းအားလုံးမှာ ဖြစ်ပေါ်ခဲ့ခြင်းတော့မရှိ ခဲ့ပါဘူး .. Samsung Note 3 ကို အလားတူစမ်းသပ်မှုမျိုး နဲ့ စမ်းသပ်ခဲ့ရာမှာတော့ ပက်ပက်စက်စက် မဖြစ်ခဲ့ပါဘူး ..


No comments:
Post a Comment